သုညမှ စတင်နိုင်မည့်ဂျပန်စာ ၊ အခြေခံမှ စတင်လေ့လာရန် သိကောင်းစရာများ

ဂျပန်စာကို သုညမှစလို့ လေ့လာခြင်းသည် စိတ်လှုပ်ရှားဖွယ်ရာ စိန်ခေါ်မှုဖြစ်ပါတယ်။ အခြေခံမှ စတင်လေ့လာလိုသူများအတွက် အထောက်အကူဖြစ်စေရန် အကြံပြုချက်အချို့ကို မိတ်ဆက်ပေးလိုက်ပါတယ်။

1. ဟိရဂနနှင့် ခတခနကို မှတ်မိအောင် လေ့လာရန်

     ပထမဦးဆုံး ဟိရဂနနှင့် ခတခနကို မှန်မှန်ကန်ကန် မှတ်မိဖို့ အရေးကြီးပါသည်。
ဤသည်မှာ အခြေခံဖြစ်ပြီး၊
အခြား‌လေ့လာမှုများကို လွယ်ကူစွာ ဆက်လက်လုပ်‌ဆောင်နိုင်မှာ ဖြစ်ပါတယ်。

2. ဝေါဟာရများကို ဖြည်းဖြည်းချင်း မှတ်သားရန်


    
အစပိုင်းမှာ နေ့စဉ်သုံးစကားပြောတွေမှာ အသုံးများတဲ့ ဝေါဟာရများနှင့် ဝါကျများကို မှတ်သားသင့်ပါတယ်။ ဥပမာအားဖြင့် 「こんにちは」(မင်္ဂလာပါ)、「ありがとう」(ကျေးဇူးတင်ပါတယ်)、「おはよう」(မင်္ဂလာမနက်ခင်းပါ) တို့ကဲ့သို့သော လွယ်ကူသော စကားလုံးများမှ စတင်သင့်ပါတယ်။

3. သဒ္ဒါပိုင်းကိုလည်း ဖြည်းဖြည်းချင်း နားလည်အောင် လုပ်ရပါမယ်။


   
အခြေခံအဆင့်လေ့လာသူတွေနဲ့ ကိုက်ညီတဲ့ သဒ္ဒါမှ စတင်လေ့လာပြီး၊ တဖြည်းဖြည်းနဲ့ ခက်ခဲတဲ့သဒ္ဒါများကို လေ့လာသွားရပါမယ်။ ဂျပန်စာရဲ့ စာကြောင်းတည်‌ဆောက်ပုံဟာ အင်္ဂလိပ်စာနဲ့ မတူတဲ့အတွက်၊ အခြေခံအကျဆုံး ဂျပန်စာ စာကြောင်းတည်ဆောက်ပုံကို နားလည်ဖို့ အရေးကြီးပါတယ်။

4. Listening ကို ပိုမို တိုးတက်အောင်လုပ်ရန်


    
ဂျပန်ဘာသာဖြင့် ကာတွန်း (アニメ)၊ ဒရာမာ (ドラマ)၊ ပေါ့ဒ်ကာစ် (ポッドキャスト) တို့ကို နားထောင်ခြင်းဖြင့်၊ နားထောင်မှုအဆင့်ကို တိုးတက်စေပြီး သဘာဝကျသောအသုံးအနှုန်းများနှင့် အသံထွက်ကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

5. ထပ်ခါထပ်ခါ လေ့လာရန်


   
ဂျပန်ဘာသာစကားကို တတ်မြောက်ရန်အတွက် ထပ်ခါထပ်ခါ လေ့လာဖို့ကလည်း အရေးကြီးပါတယ်။ တစ်နေ့ နည်းနည်းချင်းစီ စာလေ့လာတဲ့ အလေ့အကျင့်ကို လုပ်ယူကြရအောင်ပါ။

6. မှားမှာ စိုးရိမ်မနေဘဲ စကားပြောပါ


   
မိမိ လေ့လာနေတဲ့ ဘာသာစကားကို မှားမှာ စိုးရိမ်မနေဘဲ လက်တွေ့ စကားပြောမှာ အသုံးချကြည့်ဖို့က အရေးကြီးပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိပြီး တက်တက်ကြွကြွနဲ့ ဂျပန်ဘာသာစကားကို အသုံးပြုကြည့်ပါ။

အစပိုင်းမှာ အတော်‌လေးခက်ခဲနိုင်တာမို့ သည်းခံပြီး ဆက်လက်လေ့လာသွားဖို့ကလည်း အရေးကြီးပါတယ်။