ဂျပန်၏ယဉ်ကျေးမှုနှင့် နေထိုင်မှုကို စိတ်ဝင်စားသူများအတွက်

ဂျပန်ဘာသာစကားကို သင်ယူလိုသော မြန်မာလူမျိုးတို့အတွက်!
ဂျပန်ယဉ်ကျေးမှုနှင့် နေထိုင်မှုကို စိတ်ဝင်စားသူများအတွက် ကိုက်ညီသော ဂျပန်စာသင်ယူမှု အက်ပလီကေးရှင်းများနှင့် သင်ခန်းစာများကို မိတ်ဆက်ပေးလိုက်ပါတယ်။ ပျော်ပျော်ရွှင်ရွှင် ထိထိရောက်ရောက်ဖြင့် သင်ယူနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပြီး သင့်ဂျပန်စာအရည်အသွေးကို မြှင့်တင်လိုက်ကြပါစို့!

၁။ မိုဘိုင်းဖုန်းဖြင့် လွယ်ကူစွာ သင်ယူနိုင်သော ဂျပန်ဘာသာစကား အက်ပလီကေးရှင်းများ

၁) Duolingo (ဒူအိုလင်ဂို)

ထူးခြားချက် : ဂိမ်းကစားခြင်းဖြင့် ပျော်ရွှင်စွာ ဂျပန်စာ သင်ယူနိုင်သော အခမဲ့အက်ပလီကေးရှင်းဖြစ်သည်။ အခြေခံမှ စတင်လေ့လာလိုသူများအတွက် သင့်တော်ပြီး စကားလုံးများနှင့် ဝါကျများကို ပျော်ပျော်ကြီး လေ့လာနိုင်ပါတယ်။
အကြံပြုချက်: စကားပြောခြင်း၊ နားထောင်ခြင်း၊
စာဖတ်ခြင်းဆိုပီး ညီမျှစွာ လုပ်ဆောင်နိုင်ခြင်း။

၂) LingoDeer (လင်ဂိုဒီယာ)

ထူးခြားချက် : အခြေခံသဒ္ဓါကို သေချာစွာ လေ့လာနိုင်မည့် အက်ပလီကေးရှင်းဖြစ်ပါတယ်။ အင်္ဂလိပ်စာဖြင့် ရှင်းပြပေးသောကြောင့် အင်္ဂလိပ်စာ နားလည်သူများအတွက် တိုက်တွန်းပါတယ်။
အကြံပြုချက်: JLPT (ဂျပန်အရည်အချင်းစစ်စာမေးပွဲ) အတွက်လည်း အသုံးဝင်ပါတယ်။

၃) TODAI Easy Japanese

ထူးခြားချက် : ဂျပန်သတင်းများကို လွယ်ကူသော ဂျပန်ဘာသာဖြင့် ဖတ်ရှုနိုင်မည့် အက်ပလီကေးရှင်းဖြစ်ပါတယ်။ နားထောင်မှုစွမ်းရည်လည်း မြင့်တက်လာပြီး သဘာဝကျကျ ဂျပန်စာကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
အကြံပြုချက်: ဂျပန်ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ အကြောင်းအရာများကို လေ့လာနိုင်သည်။

၂။ မြန်မာလူမျိုးများအတွက် သင့်တော်သော ဂျပန်စာ သင်ထောက်ကူများ

၁) 『みんなの日本語』 (မင်းနာနိုနီဟွန်ဂို) စီးရီး

ထူးခြားချက် : အခြေခံမှစ၍ အဆင့်မြင့်ထိ သင်ယူနိုင်သည့် သင်ခန်းစာများဖြစ်ပြီး သဒ္ဒါပိုင်းကို စနစ်တကျ လေ့လာနိုင်ပါတယ်။
အကြံပြုချက်: မြန်မာဘာသာပြန်ထားသော စာအုပ်များလည်း ရရှိနိုင်သောကြောင့် လေ့လာရာမှာလည်း နားလည်ရ လွယ်ကူမှာပဲဖြစ်ပါတယ်။

၂)『できる日本語』 シリーズ

ထူးခြားချက် : စကားပြောပိုင်းကို ဦးစားပေးပြီး လေ့လာလို့ရသည့် စာအုပ်ဖြစ်ပြီး လက်‌တွေ့တွင် အသုံးများသော ဂျပန်စကားပြော ဖော်ပြချက် များစွာပါဝင်ပါတယ်။

အကြံပြုချက်: ဂျပန်နိုင်ငံတွင် နေထိုင်ရန်အတွက် အထောက်အကူဖြစ်သော စကားလုံးများစွာ ပါဝင်ပါတယ်။

၃) မြန်မာလူမျိုးများအတွက် YouTube ချန်နယ်များ

Japanese Ammo with Misa(အင်္ဂလိပ်စာဖြင့် ဘာသာပြန် ပါဝင်သည်)

Learn Japanese with Noriko(နားထောင်နိုင်စွမ်း လေ့ကျင့်ရန် အကောင်းဆုံး)

မြန်မာဘာသာဖြင့် ဂျပန်စာသင်ခြင်း(မြန်မာလူမျိုးများအတွက် အနက်ဖွင့်ရှင်းပြထားသော ဗီဒီယိုများ)

၃။ ဂျပန်ယဉ်ကျေးမှုကို ခံစားရင်း ဂျပန်စာလေ့လာခြင်း

၁) ဂျပန် ကာတွန်း / ဒရာမာကြည့်ခြင်း

အကြံပြုထားသော ကာတွန်းများ: 『ドラえもん』『しんちゃん』『鬼滅の刃』

အကြံပြုထားသော ဒရာမာများ: 『半沢直樹』『逃げるは恥だが役に立つ』

၂) ဂျပန်သီချင်းနားထောင်ခြင်း
J-POP သို့မဟုတ် ဂျပန်ကလေးသီချင်းများကို နားထောင်ခြင်းဖြင့်လည်း သဘာဝကျကျ ဂျပန်စာကို မှတ်သားနိုင်ပါတယ်။

အကြံပြုထားသော အဆိုတော်များ:

米津玄師

YOASOBI

あいみょん

၃)ဂျပန်လူမျိုးများနှင့် စကားပြောခြင်း(ဘာသာစကားဖလှယ်ရန် အက်ပ်များ)

HelloTalk(ဂျပန်လူမျိုးများနှင့် စာပို့ခြင်း၊ စကားပြောခြင်းများ လုပ်နိုင်သည်)

Tandem(ဂျပန်လူမျိုးသူငယ်ချင်းသစ်များ ဖန်တီးနိုင်သည်)

ဂျပန်စာလေ့လာရာတွင် ပျော်ရွှင်စွာ ဆက်လက်လေ့လာဖို့ကလည်း အရေးကြီးပါတယ်။ အက်ပ်များ၊ သင်ထောက်ကူများကို အသုံးချခြင်းဖြင့် ဂျပန်ယဉ်ကျေးမှုနှင့် နေထိုင်မှု ကိုလည်း ခံစားကြည့်ရှူကြရ အောင်ပါ။ မိမိနဲ့ ကိုက်ညီမှုရှိတဲ့ နည်းလမ်းကို ရှာဖွေပြီး ပျော်ရွှင်စွာ ဂျပန်စာလေ့လာလိုက်ကြပါစို့!