CV form ရေးသားခြင်းနှင့် အင်တာဗျူးဖြေဆိုရာတွင် အသုံးဝင်မည့် အလုပ်ရှာဖွေခြင်းဆိုင်ရာ ဂျပန်စကားပြော အသုံးအနှုန်းများ
2025/06/10

履歴書や面接で使える!就職活動に役立つ日本語フレーズ集
ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေကြမည့် နိုင်ငံခြားသားနှင့် ဂျပန်ဘာသာစကား လေ့လာနေသူများအတွက်
CV Form နှင့် အင်တာဗျူးတွင် အသုံးပြုနိုင်မည့် အသုံးအနှုန်းများကို မိတ်ဆက်ပေးပါမယ်။
日本で就職活動をする外国人や日本語学習者にとって、履歴書や面接で使える就職活動に役立つ日本語フレーズを、シーン別に分けて紹介します。
【CV form တွင် အသုံးပြုနိုင်မည့် စကားစုများ】
【履歴書で使えるフレーズ】
1. မိမိအကြောင်း ပြောပြခြင်း / 自己PR
- 「တာဝန်ယူလိုစိတ်ရှိပြီး ပေးအပ်ခံရသောအလုပ်ကို နောက်ဆုံးအထိ အောင်မြင်အောင်လုပ်ဆောင်တတ်ခြင်း ဖြစ်ပါတယ်。」
「責任感が強く、与えられた仕事は最後までやり抜く性格です。」 - 「အသစ်အသစ်သောပတ်ဝန်းကျင်တွင်လည်း အလျင်အမြန် လိုက်လျောညီထွေဖြစ်နိုင်တဲ့စွမ်း ရှိပါတယ်」
「新しい環境にすぐに適応できる柔軟性があります。」 - 「အဖွဲ့လိုက်လုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်မှုကို အလေးထားပြီး ဆက်ဆံရေးတည်ဆောက်တတ်ပါတယ်。」
「チームでの協力を大切にし、周囲と良好な関係を築けます。」
2. အလုပ်လုပ်ချင်ရသည့် အကြောင်းရင်း / 志望動機
- 「တစ်ဖက် ကုမ္ပဏီ၏ 〇〇 ဆိုသော ရည်ရွယ်ချက်အတိုင်း ကြိမ်းသေပေါက် ဝန်ထမ်းတစ်ယောက်အဖြစ် ထောက်ပံ့နိုင်မယ်လို့ ထင်ပါတယ်。」
「貴社の〇〇という理念に共感し、ぜひその一員として貢献したいと思いました。」 - 「ယခင်ကတည်းကပင် 〇〇 လုပ်ငန်းအကြောင်း စိတ်ဝင်စားပြီး လျှောက်ထားခဲ့တာဖြစ်ပါတယ်。」
「以前から〇〇業界に興味があり、貴社の取り組みに魅力を感じ志望いたしました。」
3. အားသာချက်・အားနည်းချက် / 長所・短所
- 「အားသာချက်ကတော့ ဇွဲလုံ့လရှိစွာ ကြိုးစားတတ်တာ ဖြစ်ပါတယ်。」
「長所は、粘り強く物事に取り組めるところです。」 - 「အားနည်းချက်ကတော့ တစ်ခါတလေ ပြီးပြည့်စုံမှုကို မျှော်မှန်းလွန်းခြင်း ဖြစ်ပါတယ်။」
「短所は、完璧を求めすぎる傾向がある点ですが、最近は効率も意識するようにしています。」
【အင်တာဗျူး ဖြေဆိုရာတွင် အသုံးပြုနိုင်မည့် စကားစုများ】
【面接で使えるフレーズ】
1. နှုတ်ခွန်းဆက်စကား・မိတ်ဆက်ခြင်း / 挨拶・自己紹介
- 「ယနေ့အတွက် အလုပ်မအားလပ်သည့်ကြားမှ အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်。」
「本日はお忙しい中、お時間をいただきありがとうございます。」 - 「〇〇 လို့ ခေါ်ပါတယ်။ ယနေ့မှစ၍ ခင်မင်မှုရှိချင်ပါတယ်。」
「〇〇と申します。本日はどうぞよろしくお願いいたします。」
2. မေးခွန်း ဖြေဆိုခြင်း / 質問に答えるとき
- 「ဟုတ်ကဲ့၊ အဖြေ ဖြေကြားခွင့်ပြုပါ。」
「はい、お答えいたします。」 - 「ကျွန်မရဲ့ ထင်မြင်ချက်ကတော့ 〇〇 ဖြစ်ပါတယ်。」
「私の考えとしては、〇〇です。」 - 「〇〇 အတွေ့အကြုံများမှ △△ ကို သင်ယူခဲ့ပါတယ်。」
「具体的には、〇〇という経験を通じて、△△を学びました。」
3. နောက်ဆုံး နှုတ်ဆက်စကား / 最後の挨拶
- 「ယနေ့မှာ တန်ဖိုးရှိတဲ့ အချိန်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်。」
「本日は貴重なお時間をいただき、誠にありがとうございました。」 - 「သင်တို့ကုမ္ပဏီတွင် အလုပ်လုပ်မည့် ရက်ကို စောင့်မျှော်နေပါသည်。」
「御社で働ける日を心より楽しみにしております。」