“JLPT (Japanese Language Proficiency Test) အောင်မြင်ရန်အတွက် အမြန်ဆုံးလမ်းကြောင်း”
2025/02/26

JLPT (Japanese Language Proficiency Test) ကို အချိန်တိုတိုနဲ့ အောင်ဖို့အတွက် ထိရောက်သော သင်ကြားမှုအစီအစဉ်နှင့် လက်တွေ့လေ့ကျင့်မှု များစွာ လိုအပ်ပါတယ်။ အောက်ဖော်ပြပါ အဆင့်အလိုက် လေ့လာခြင်းဖြင့် အမြန်ဆုံးအောင်မြင်နိုင်မှာဖြစ်ပါတယ်။
1.လက်ရှိစာလေ့လာမှုအဆင့်ကို ဖော်ထုတ်ပါ။
တရားဝင် စာမေးပွဲ လေ့ကျင့်မေးခွန်းများ သို့မဟုတ် မေးခွန်းဟောင်းများကို ဖြေဆို၍ မိမိရဲ့ အားနည်းချက်ကို ခွဲခြမ်းစိတ်ဖြာပါ။
N5 မှ N1 အထိ မည်သည့်အဆင့်ကို ရည်ရွယ်လေ့လာမည်ကို တိကျသေချာအောင် သတ်မှတ်ပါ။
2.သင်ကြားမှုအစီအစဉ် ဆွဲရန်]
လိုချင်တဲ့ အမှတ်ကို သတ်မှတ်ပါ (ဥပမာ – N2 အတွက် 100 မှတ်နှင့်အထက် ရယူရန်)။
မိမိနေ့စဉ် လေ့လာရမည့် အချိန်ကို ဆုံးဖြတ်ပါ (အနည်းဆုံး 1~2 နာရီ)။
စာမေးပွဲ မတိုင်ခင်အထိ အချိန်ဇယားဆွဲပါ ( စာမေးပွဲ ဖြေဆိုမည့်နေ့ကိုအခြေခံ၍ နောက်သို့ ပြန်တွက်ပြီး အချိန်ဇယား ပြုလုပ်ပါ။
3.စာမေးပွဲတွင် ပါဝင်မည့် အစိတ်အပိုင်းများကို ထိရောက်စွာ လေ့လာပါ။
① အသုံးများသော စာလုံး၊ ဝေါဟာရ (Vocabulary & Kanji)
တစ်နေ့လျှင် စာလုံးအသစ် 10~20 ခု သင်ယူပြီး မကြာခဏ ပြန်လည်လေ့လာပါ။
「新完全マスター語彙」၊ 「TRY!」 စသည့် စာအုပ်များကို အသုံးပြုပါ။
Anki၊ Quizlet ကဲ့သို့သော Flashcard Apps များအသုံးပြု၍ ထပ်ခါတလဲလဲ လေ့လာပါ။
② သဒ္ဒါ (文法)
သဒ္ဒါပေါင်းချုပ်မှတ်စု ပြုလုပ်ပြီး၊ ဥပမာဝါကျများနှင့်အတူ မှတ်သားရန်။
「日本語総まとめ」「新完全マスター文法」 စသည်တို့ကို အသုံးချရန်။
ကိုယ်တိုင် ဥပမာဝါကျများ တည်ဆောက်ပြီး၊ နေ့စဉ် သုံး စကားပြော သို့မဟုတ် ရေးသားမှုများတွင် အသုံးချရန်။
③ စာဖတ်နားလည်မှု (読解)
တိုတောင်းသော စာပိုဒ်များမှ စတင်ပြီး၊ တဖြည်းဖြည်းရှည်လျားသော စာပိုဒ်များကို ဖတ်နိုင်အောင် လေ့လာရန်။
မြန်မြန်ဖတ်နိုင်ရန် (速読) သာမက သတ်မှတ်ချိန်အတွင်း ဖတ်နိုင်အောင် လေ့ကျင့်ရန်။
မေးခွန်းဟောင်းများ (過去問) နှင့် 「読解ドリル」 စသည်တို့ကို အသုံးပြု၍ ဖြေဆိုနည်းများကို လေ့လာရန်။
④ နားထောင်ခြင်း (Listening)
နေ့စဉ် ဂျပန်ဘာသာအသံဖိုင်များကို နားထောင်ခြင်း (NHK သတင်းများ၊ ဂျပန်ဒရမ်မာများ၊ YouTube)။
「新完全マスター聴解」 ကဲ့သို့သော သင်ကြားမှုစာအုပ်များကို အသုံးပြု၍ (လက်တွေ့ စာမေးပွဲပုံစံ) ဖြင့် လေ့ကျင့်ခြင်း။
အရေးကြီးသော ဝေါဟာရများနှင့် စကားစုများကို မှတ်စုယူပြီး အဓိပ္ပါယ်ကို ပြန်လည်စစ်ဆေးခြင်း။
4.ယခင်နှစ်များ၏ စာမေးပွဲမေးခွန်းများကို အသုံးချ လေ့လာ
လက်တွေ့စာမေးပွဲပုံစံနှင့်တူညီသော မေးခွန်းများကို အချိန်သတ်မှတ်၍ ဖြေဆိုခြင်း။
မှားသွားသော မေးခွန်းများကို ခွဲခြမ်းစိတ်ဖြာပြီး ဘာကြောင့် မှားသွားခဲ့သည်ကို ပြန်လည်စစ်ဆေးခြင်း။
5.လက်တွေ့ ပြန်လည်အသုံးချမှု (Output) ကို တိုးမြှင့်ခြင်း
ဂျပန်ဘာသာဖြင့် နေ့စဉ်မှတ်တမ်း (Diary) ရေးခြင်း၊ SNS တွင် 投稿 (Post) တင်ခြင်း။
ဂျပန်လူမျိုးများနှင့် စကားပြောခြင်း (Online သင်တန်းများ၊ ဘာသာစကားဖလှယ်ခြင်းစသည်တို့)။
JLPT တွင် စကားပြော (Speaking) စမ်းသပ်မှု မရှိသော်လည်း၊ စကားပြောနိုင်မှု တိုးတက်လာခြင်းကြောင့် နားလည်မှု (Listening) အရည်အသွေးလည်း မြှင့်တင်နိုင်သည်။
6.စာမေးပွဲမဖြေမီ နောက်ဆုံးပြင်ဆင်မှု
စာမေးပွဲမဖြေမီ တစ်ပါတ်အလိုမှာ အသစ်များ
မလေ့လာဘဲ သင်ခဲ့ပြီးသား အကြောင်းအရာများကို ပြန်လည်လေ့လာခြင်း။
မကြာခဏ ထွက်လေ့ရှိသော မေးခွန်းများနှင့် ကိုယ့်ရဲ့အားနည်းချက်များကို အလေးပေးပြီး ဖြည့်စွက်လေ့ကျင့်ခြင်း။
စာမေးပွဲနေ့တွင် ဘယ်လိုဖြေမလဲ ဆိုတာကို ကြိုတင် စမ်းသပ်၍ အချိန်ပိုင်းခြားမှု ကို စစ်ဆေးခြင်း။
JLPT ကို အောင်မြင်ရန် အဆက်မပြတ် လေ့လာမှုနှင့် လက်တွေ့အသုံးချမှုတို့သည် အဓိက သော့ချက်များဖြစ်သည်။ အချိန်တိုတိုအတွင်း အောင်မြင်လိုပါက နေ့စဉ်လေ့လာမှုကို အလေ့အကျင့်ဖြစ်အောင်လုပ်ပြီး ထိရောက်စွာ လေ့လာမှု ပြုလုပ်ဖို့ လိုအပ်ပါသည်!
အားလုံးလည်း JLPT အောင်မြင်ကြပါစေ!